Crash Landing On You mmsub

Crash Landing On You mmsub


ဒီစိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးဟာဆိုရင် စီးပွားရေးလုပ်ငန်းများစွာရဲ့
ဆက်ခံသူဖြစ်တဲ့ တောင်ကိုရီးယားမိန်းကလေးနဲ့ မြောက်ကိုရီးယားရဲ့ 
အဆင့်မြင့် စစ်တပ်အရာရှိ ကောင်လေးတို့ကြားက အချစ်ဇာတ်လမ်းလေးကို
ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
Yoon Se-Ri ( Son Ye-Jin) ဟာဆိုရင် ချောမောတယ် လိမ္မာပါးနပ်တဲ့
အပြင် ချမ်းသာတဲ့မိသားစုမှာ မွေးဖွားလာတဲ့ မိန်းကလေး
တစ်ယောက်ပဲဖြစ်ပါတယ်။
ကိုယ်တိုင်ကြိုးပမ်းမှုဖြင့် အောင်မြင်တဲ့ ဖက်ရှင်အမှတ်တံဆိပ်ကို တီထွင်ခဲ့
သူလည်းဖြစ်ပါတယ်။ ဒီလိုထက်မြက်တဲ့ Se Ri ဟာ တောင်ကိုရီးယား 
စီးပွားရေးလုပ်ငန်းများစွာရဲ့ ဆက်ခံသူမိန်းကလေးလည်းဖြစ်ပါတယ်။
တစ်နေ့ လေထီးခုန်စဉ် လေပြင်းတိုက်ခတ်မှုကြောင့် မတော်တဆမှုတစ်ခုက 
Se Ri ကို မြောက်ကိုရီးယားထဲ အရေးပေါ်ဆင်းသက်စေခဲ့ပါတယ်။
အဲဒီမှာ Se Ri တစ်ယောက် Lee Jung Hyuk ( Hyun Bin ) နဲ့ 
ဆုံတွေ့ခဲ့ပါတော့တယ်။
Lee Jung Hyuk ( Hyun Bin ) ကတော့ မြောက်ကိုရီးယားရဲ့ စစ်တပ်
အရာရှိတစ်ယောက်ပါ။ Jung Hyuk ဟာ Se Ri ကယ်တင်ပေး 
ဝှက်ထားပေးခဲ့ပြီး ကာကွယ်ပေးဖို့ကြိုးစားပါတော့တယ် ..... ဒီလိုနဲ့ 
တဖြည်းဖြည်း Jung Hyuk တစ်ယောက် Se Ri ကို ချစ်မိသွားတဲ့အခါ....
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်သဘောကျသွားကြတဲ့အခါ.....
သူတို့အချစ်ဇာတ်လမ်းလေးက ဘာဆက်ဖြစ်မလဲ... နှစ်ယောက်သား 
ပျော်ရွှင်စရာ အဆုံးသတ်လေးဖြစ်လာပါ့မလားဆိုတာ.....
ကြည့်ရှုကြရအောင်နော်။


















Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes