သမိုင်းဖြစ်ရပ်မှန် စစ်ကားတစ်ကား တင်ပေးထားပါတယ်။
ဒီရုပ်ရှင်ဟာ မစ်ဝေးတိုက်ပွဲအကြောင်း ပါပဲ။ဂျပန်တွေ
ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆ လအကြာမှာ ဖြစ်ပွားခဲ့တာပါပဲ။
ပစိဖိတ်စစ်မျက်နှာမှာ ကြီးစိုးထားတဲ့ ဂျပန်ရေတပ်ကြီးကို
အရေးနိမ့်စေခဲ့ပြီး ချိန်ခွင်လျှာပြောင်းလဲ စေခဲ့တဲ့ တိုက်ပွဲတစ်ခုပါပဲ။
ဒီတိုက်ပွဲမှာသာ အမေရိကန်ရှုံးခဲ့ရင် အနောက်ကမ်းရိုးတန်း
အသိမ်းခံရပြီး ဆီရာတယ်ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိလို
မြို့ကြီးတွေပါ ကျသွားနိုင်တဲ့အခြေအနေ ဖြစ်လာခဲ့မှာပါ။
ဒါကို ထောက်လှမ်းရေးအဖွဲ့ နဲ့ အင်အားနည်းနေတဲ့ ရေတပ်
လေတပ်ပူးပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်နိုင်ခဲ့တာ ပါပဲ။
စစ်ကားကြိုက်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။
credit:channelmyanmar
Post a Comment