ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊
ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို
ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ
ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့
စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။
အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ
တိုင်း ပြည်ပဲ ဖြစ်ပါတယ်။အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့
ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။
ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့
စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ရောက်လာတဲ့ ဘယ် ယောကျ်ားသားကိုမဆို
သတ်ပစ်ဖို့လုပ်ခဲ့တာ မို့ ပြဿနာနဲ့ ရင်ဆိုင်ရပါတော့ တယ်။အဲဒါနဲ့ ဝူခုံး၊ ပါကျဲနဲ့
ဝူဂျင်း တို့တွေဟာ လွတ်မြောက်မယ့် နည်းလမ်းရှာတဲ့အခါမှာ မိန်းမလှ နိုင်ငံကို
ဖုံးအုပ်ထားတဲ့ ဧရာမ မှော်ပိုက်ကွန်ရှိနေတယ်ဆိုတာသိခဲ့ပြီး အန္တရာယ်
ဂိတ်တံခါးကို ကျော် ဖြတ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ချစ်ခြင်း
မေတ္တာဆိုတဲ့ သောနဲ့ ဖွင့်မှပဲ ဖြစ်ပါတယ်။ဆရာတော် ရှန်ကျန်းအဖို့
ကျမ်းစာတွေသယ်ဖို့ ခရီးဆက် ထွက်မလား၊ အချစ်အတွက် ပေး
ဆပ်မလားဆိုတာ ဝေခွဲမရဖြစ်နေ ချိန်မှာ ကွမ်ရင်မယ်တော်ရောက်
လာပြီး အမှန်မြင်နိုင်ဖို့ လမ်းပြခဲ့ ပါတယ်။အဲဒီအခါမှာ ဆရာတော်ရှန် ကျန်းတို့ရဲ့
မေတ္တာဇာတ်လမ်းက ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲဆို တာကို
အမိုက်စားဆက်တင်တွေ၊ ရိုက်ချက်တွေနဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။
credit:channelmyanmar
Post a Comment