Robinhood အကြောင်း သင်ဘယ်လောက်သိလဲ????????
လူချမ်းသာတွေဆီက အသပြာခိုးယူပြီးဆင်းရဲတဲ့သူတွေကို
ဝေငှပေးတတ်တဲ့ သူခိုးတစ်ယောက်……..လို့အကြမ်းဖျဉ်း
သိထားကြမှာပါ………..Robinhood လို့ပြောရင် မြှားပစ်ကျွမ်း
ကျင်သူတစ်ယောက် ဆိုတာလဲ မျက်လုံးထဲပြေးမြင်မိမှာပေါ့
ဒါပေမယ့် အထက်က ဆိုခဲ့တဲ့ အချက်တွေကြောင့်တော့ သူဟာ
ရော်ဘင်ဟုဒ်ဆိုပြီးနာမည်တွင်ခဲ့တာ မဟုတ်ပါဘူး ……………
သင် ငယ်ငယ်က သိခဲ့တဲ့တောပုန်းကြီး ရော်ဘင်ဟုဒ်ရဲ့ အကြောင်း
တွေကို မေ့ပစ်လိုက်ပါတော့သင် သူ့အကြောင်းကို သိပြီးသားလို့
ထင်နေတယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်…….သင်သိထား
ပြီးတဲ့ သူ့ရဲ့ဇာတ်လမ်းဟာ အိပ်ယာဝင်ပုံပြင်တစ်ပုဒ် ပါပဲဒီဇာတ်ကား
လေးကတော့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါဘူးအသပြာတွေ
ခိုးယူခဲ့ရုံသက်သက်နဲ့တော့ သူဟာ ရော်ဘင်ဟုဒ်ဆိုပြီးနာမည်တွင်
ကျန်ရစ်မှာ မဟုတ်ပါဘူးသူ့ကို ရာဇဝင်မှာ ကဗျည်းတွင်စေခဲ့တဲ့
ပြည်သူတွေအတွက်ကိုယ်ကျိုးစွ့ လုပ်ရပ်တွေကို ဒီဇာတ်ကားမှာ
တွေ့ရမှာပါ…..ဒီဇာတ်ကားမှာ ရော်ဘင်ဟုဒ်ရဲ့ တခြားထူးခြားတဲ့
အကြောင်းအရာတွေလည်း ပါဝင်နေပါတယ် …….ရော်ဘင်ဟုဒ်
ဆိုတဲ့ တောပုန်းတစ်ယောက်မဖြစ်ခင်ကသူ့ဘဝဇာတ်ကြောင်း
အခြေအနေကိုလည်း ပြောပြထားပါသေးတယ်……လော့စ်လေကို
ဟုဒ်အဖြစ် ပြောင်းလဲ ပေးခဲ့တဲ့ သူ့ရဲ့ဆရာနဲ့အတူသူ လေ့ကျင့်ခဲ့ရတဲ့
ခက်ခဲထူးခြားတဲ့ မြှားပစ်သင်ခန်းစာတွေ……..သူကြုံတွေ့ခဲ့ရတဲ့
နိုင်ငံရေးအခြေအနေတွေ…….သူကြုံတွေ့ခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ
စစ်ပွဲတွေ……..စသဖြင့် သူ့ရင်ဆိုင်ခဲ့တဲ့ အခက်အခဲတွေ အကုန်
လုံးကို မြင်တွေ့ရမှာပါဒီတော့ ဒီကားလေးဟာ ဟုဒ်ရဲ့အတ္ထုပ္ပတိ
မဟုတ်ဘဲရော်ဘင်လော့စ်လေက ဟုဒ်အဖြစ် သမိုင်းသစ်အစပျိုးခဲ့တဲ့
အချိန်လေးကို ရိုက်ပြထားတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။
credit:channelmyanmar
Post a Comment