ငယ်စဉ်ကတည်းက မားစ်ဂြိုဟ်ပေါ်ကို အလည်သက်သက်မဟုတ်ဘဲနဲ့
အခြေချနေထိုင်ချင်တဲ့စိတ်ကူးရှိတဲ့လူငယ်လေးတစ်ယောက်ဟာ
သူရဲ့ မဆုတ်မနစ်ကြိုးစားမှုကြောင့်နောက်နှစ်ပိုင်းများစွာမှာ မားစ်ပေါ်
မှာ အခြေချနေထိုင်ဖို့အတွက် East Texas ဆိုတဲ့ကိုလိုနီနယ်ပယ်ငယ်
လေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်
ဖြစ်လာပါပြီ။မားစ်ဂြိုဟ်ပေါ်ကို ပထမဆုံးစွန့်ဦးတီထွင်သူတွေအဖြစ်နဲ့
သွားရောက်နေထိုင်မယ့်သူတွေကတော့“ဆာရာအီလီရော့” ခေါ်တဲ့
အာကာသယာဉ်မှူး မိန်းမချောလေး ဦးဆောင်တဲ့ အာကာသယာဉ်မှူး
၆ဦးပါပဲ။မားစ် ကိုခရီးနှင်နေတဲ့ ကာလအတွင်း ၂လခန့်မှာတော့
“ဆာရာအီလီရော့” မှာကိုယ်ဝန် နှစ်လခန့်ရှိနေတာကို မမျှော်လင့်ဘဲ
သိလိုက်ရပါတယ်။ပထမဆုံးစွန့်ဦးတီထွင်သွားရောက်မှာဖြစ်ခြင်း
နောက်လှည့်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာကိုယ်ဝန်ကို အာကာသထဲမှ
ာ ဆောင်ခဲ့ရတယ်။မားစ်ရောက်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်လစေ့လို့
မွေးဖွားရင်း သေဆုံးသွားခဲ့ပါတယ်။ကလေးရဲ့ဖခင်ဟာ ဘယ်သူမှန်း
ဘယ်သူမှ မသိခဲ့ပါဘူး။ဒီကိစ္စဟာ အာကာသယာဉ်မှူးတစ်ဦးရဲ့
ဂုဏ်သိက္ခာ ၊ ကုမ္ပဏီကိုလည်း လူထုအမြင်စောင်းပြီးပြိုကွဲသွားမှာ
စိုးရိမ်သလို သူတို့Project ဆက်လက်တည်မြဲဖို့အတွက် ဖုံးဖိပြီး
လျှို့ဝှက်ထားလိုက်ကြပါတယ်။ကလေးငယ်လေးကတော့ ကမ္ဘာထက်
ဆွဲငင်အား ၃ ပုံ၂ပုံလျော့ကျတဲ့နေရာမှာ မွေးဖွားခဲ့တာမို့ကမ္ဘာကို
ပြန်ခေါ်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မားစ်မှာပဲ သိပ္ပံပညာရှင်တွေက
ပျိုးထောင်ခဲ့ရပါတယ်။ဒီကလေးငယ်လေး ကြီးပြင်းလာတဲ့အခါမှာ
ကမ္ဘာဂြိုဟ်ကကောင်မလေးတစ်ယောက်နဲ့အွန်လိုင်းပေါ်ကနေ
သူငယ်ချင်းဖြစ်လာတဲ့အခါမှာတော့
credit:channelmyanmar
Post a Comment