Weathering With You mmsub

Weathering With You mmsub


အထက်တန်းကျောင်းသားလေးဖြစ်တဲ့ ဟိုဒါကာ မိုရီရှီမာ ဆိုတဲ့
ကောင်လေးဟာ သူရဲ့မွေးရပ်မြေဖြစ်တဲ့ တောအရပ်ကလေးကနေ 
ထွက်ပြေးလာပြီးတော့ တိုကျိုမှာအလုပ်လုပ်မယ့် အစီအစဉ်နဲ့
ရောက်လာပါတယ်… အဲဒီအချိန်မှာ တိုကျိုဟာ မိုးများဆက်တိုက်
ရွာသွန်းနေပြီးတော့ အလုပ်အကိုင်များအတွက်ခက်ခဲနေတဲ့ အချိန်
တစ်ခုဖြစ်နေပါတော့တယ်… သူဟာအလုပ်လိုက်ရှာနေရင်းနဲ့ ဟီနာ
ဆိုတဲ့ မက်ဒိုနယ် မှာအလုပ်လုပ်တဲ့ကောင်မလေးဟာ သူ့ကို 
ညစာစားဖို့ မုန့်လေးတစ်ခု အလကားပေးလိုက်ပါတယ်… အဲဒီ
နောက်မှာ ဟိုဒါကာ ဟာ အလုပ်တစ်ခုမှာလုပ်ဖြစ်သွားပြီးတော့ 
သူဟာတိုကျိုမှာဆက်ပြီးတော့ နေထိုင်နေပါတော့တယ် ။
နောက်ပိုင်းမှာ တိုကျိုမြို့ကြီးရဲ့မိုးရွာသွန်းမှုဟာ သမရိုးကျ 
ရာသီဥတုပြောင်းလဲမှုကြောင့်မဟုတ်ပဲ အယူဝါဒတစ်ခုနဲ့
 သက်ဆိုင်နေတယ်ဆိုပြီးတော့ အင်တာနက်မှာ သတင်းပြန့်ခဲ့
ပါတယ်။ ထို့အပြင် မိုးပေါ်က ငါးများ ကျလာတာတို့ အခြားသော
အရာများ ပါဝင်လာတာတို့လည်း ထူးဆန်းစွာတွေ့ရပါတယ်။ 
အဲဒီနောက်တစ်နေ့မှာ ဟိုဒါကာ ဟာ ဟီနာဆိုတဲ့ကောင်မလေးကို
တွေ့ဖြစ်ပြီး အဲဒီကောင်မလေးမှာ မိုးကိုတားနိုင်တဲ့ 
အစွမ်းရှိနေတာကိုထူးထူးခြားခြားသိလိုက်ရပါတယ်…
အဲဒီတော ဟီနာဆိုတဲ့ကောင်မလေး ကဘယ်သူများလဲ .. သူဟာ
အဲဒီလိုရာသီဥတုပြောင်းလဲမှုနဲ့ ဘယ်လိုများသက်ဆိုင်နေလဲ 
နောက်ပိုင်းမှာ ဟီနာက အဲဒီလိုလုပ်နိုင်တာကြောင့် အနစ်နာခံ
ရမှာတွေက ဘာတွေဖြစ်မလဲ…. ဟီနာနဲ့ ဟိုဒါကာ ရဲ့
အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်မလဲဆိုတာကို….

credit:goldchannel





Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes