A thousand words mmsub

A thousand words mmsub

ဂျွန်မက်ကောက စာအုပ်ထုတ်ေ၀ရေးအတွက် အလုပ်လုပ်ရတဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး စကားလဲ တော်တော်ပြောနိူင်သလို တစ္ဖက္သားကို ယုံအောင် မဟုတ်တာရော ဟုတ္တာပါ ပြောပြီး စည်းရုံးနိူင်တဲ့လူတစ်ယောက်ပါ။ တစ်ရက်တော့ တရားထိုင်နည်းနဲ့ပတ်သတ်ပြီး နာမည်ကြီးနေတဲ့ ဒေါက်တာ ဆင်းဂျားဆီက စာအုပ်ထုတ်ေ၀အောင် နည်းအမျိုးမျိုးနဲ့ စည်းရုံးပြီး ကိုယ်ကျိုးအတွက် အသုံးချဖို့ ကြိုးစားပါတော့တယ်။ အဲဒီလို စည်းရုံးလို့အောင်မြင်တဲ့ နောက်တစ်နေ့မှာပဲ သူအိမ်ထဲမှာ သစ်ပင်တစ်ပင်ပေါက်လာပြီး သူစကားတစ်ခွန်းပြောတိုင်း သစ်ရွက်တစ်ရွက်ကြွေသွားတာကို သတိထားမိလာပါတယ်။ အဲဒီသစ်ရွက်တွေသာ ကုန်သွားရင် သူသေသွားမယ်ဆိုတာကြောင့် အတတ်နိူင်ဆုံးစကားမပြောပဲ နေနိူင်အောင်ကြိုးစားပါတော့တယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ အလုပ်မှာရော အိမ်ထောင်ရေးမှာပါ အဆင်မပြေဖြစ်လာပါတယ်။ ဂျွန်မက်ကောတစ်ယောက် အဲဒီလို စကားမပြောပဲနေရတဲ့ ဒုက္ခကနေ လွတ်သွားနိူင်မှာလား၊နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို စိတ်၀င်စားစွာ ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ ဒီဇာတ်လမ်းကနေလဲ ဘ၀အတွက် သင်ခန်းစာများကို
ရယူနိူင်ကြပါစေ





2 comments :

Copyright © 2025 MK Movie Planet | Distributed by Blogger Templates | Designed by OddThemes