Dhoom 3 mmsub

Dhoom 3 mmsub


၁၉၉၀ ပြည့်နှစ်ကာလမှာ အိန္ဒိယလူမျိုး မျက်လှည့်ဆရာ Iqbal Haroon Khan ဟာ 
သူ့ရဲ့ ဆပ်ကပ်အဖွဲ့ မပြိုကွဲရေးအတွက် ရုန်းကန်နေရပါတယ်။ ဒီဆပ်ကပ် 
ဆက်လက်ရပ်တည်ဖို့အတွက် အနောက်ချီကာဂိုဘဏ်ကို မှီခိုနေရပါတယ်။ 
ဒါပေမယ့် ဘဏ်ပိုင်ရှင် Anderson ကတော့ ဒီဆပ်ကပ်ကို ပိတ်ပစ်ဖို့ပဲ 
ဖိအားပေးနေပါတယ်။ အထူးဖျော်ဖြေပွဲအဖြစ် Khan ဟာ Anderson ကို 
သူ့ရဲ့ အကောင်းဆုံး ပြကွက်တစ်ခုကို ပြသပြီး ဆပ်ကပ်အဖွဲ့ မဖျက်သိမ်းရဖို့ 
ကြိုးစားပါတယ်။ ဒါပေမယ့် ဒီဆပ်ကပ်အဖွဲ့ကို ပိတ်ပစ်ဖို့ပဲ တမင်လုပ်နေတဲ့ 
Anderson ဟာ ဘာကိုမှ အရေးမလုပ်တာမို့ Khan ဟာ ကိုယ့်ကိုယ်ကို 
သတ်သေသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို ဖခင်နဲ့အတူ ဆပ်ကပ်ပြပြီး 
Anderson ဆီက အကူအညီ မျှော်လင့်နေရှာတဲ့ Sahir Khan ဟာ အစအဆုံး 
မြင်တွေ့လိုက်ရပါတယ်။ Sahir Khan ဟာ လက်ရှိအချိန်မှာတော့ Great 
Indian Circus ကို ပြန်လည်ထူထောင် လည်ပတ်နေပါတယ်။ ဒီတစ်ခါ 
ကပြမယ့် ဆပ်ကပ်ပြပွဲအတွက် နတ်သမီးတစ်ပါးလို ကပြဖျော်ဖြေနိုင်မယ့် 
အကမယ်တစ်ဦး လိုအပ်နေပါတယ်။ အဲဒီအကမယ်အဖြစ် အရမ်း
သွက်လက်တဲ့ မိန်းကလေးတစ်ယာက်ကို သူရှာဖွေတွေ့ရှိသွားပါတယ်။ 
တစ်ဖက်ကလည်း အနောက်ချီကာဂိုဘဏ်ကို ဖြိုခွဲနိုင်ဖို့ ကြိုးစားနေပါတယ်။ 
ဒါပေမယ့် သူကြိုးစားနေတာ ဥပဒေဘောင်ထဲကတော့ မဟုတ်ပါဘူး။ 
ဘဏ်ခွဲတွေကို ဖောက်ထွင်းပြီး မျက်လှည့်ဆန်ဆန် ပြကွက်တွေနဲ့ လွတ်အောင် 
ထွက်ပြေးရင်း လိုက်တမ်းပြေးတမ်း ကစားနေတာပါ။ သူ့ဖောက်ထွင်
းပြီးတိုင်း သူတို့မိသားစုရဲ့ လက်ကိုင်ဆောင်ပုဒ်ကို ဟင်ဒီဘာသာနဲ့ 
ရေးထားခဲ့ပါတယ်။ ဒါကြောင့် ချီကာဂို ရဲတပ်ဖွဲ့ဟာ အိန္ဒိယနိုင်ငံက 
နာမည်ကျော် ရဲမှူး Jai Dixit နဲ့ သူ့ပါတနာ Ali ကို အကူအညီ 
တောင်းပါတယ်။ Jai Dixit ဟာ ချီကာဂို ရဲတပ်ဖွဲ့က ရဲမှူး Victoria နဲ့ 
သိကျွမ်းသူဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရေးကို အခက်အခဲမရှိ ဆောင်ရွက်
နိုင်ပေမယ့် တရားခံကတော့ စုံးစုံးမြုပ်နေပါတယ်။ဒါကြောင့် Jai ဟာ တရားခံရဲ့ 
စိတ်ကို ဆွတဲ့အနေနဲ့ ရုပ်မြင်သံကြားကနေ တရားခံကို နှိမ့်ချဝေဖန်လိုက်ပါတယ်။ 
မခံချင်ဖြစ်သွားတဲ့ Sahir ဟာ Jai မျက်စိရှေ့တင်ပဲ နောက်ထပ် ဘဏ်ခွဲတစ်ခုကို 
ထပ်မံ ဖောက်ထွင်းပြလိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ Jai က 
Sahir ရဲ့ လက်ပြင်ကို သေနတ်နဲ့ ပစ်နိုင်ခဲ့ပါတယ်။ ဒီဒဏ်ရာနဲ့ Sahir ကို Jai က 
သူ့ရဲ့ မျက်လှည့်ပွဲမှာ ဝင်ဖမ်းတဲ့အခါ Sahir မှာ သေနတ်ဒဏ်ရာ လုံးဝမရှိတာကို 
တွေ့ရပါတယ်။ Sahir ရဲ့ အဆိုအရ သူ့အဖေ Khan ဟာ အကောင်းဆုံး 
လျှို့ဝှက်ချက်တစ်ခုနဲ့ ကမ္ဘာကြီးကို အံ့ဖွယ်ပြကွက် ပြသနိုင်ဖို့ ရည်ရွယ်
ထားခဲ့တာပါ။ သူ့အဖေဆီက သူဆက်ခံခဲ့တဲ့ လျှို့ဝှက်ချက်ဆိုတာ ဘာဖြစ်မလဲ ….
Aamir Khan က မျက်လှည့်ဆရာ Sahir အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး 
အကမယ် Aaliya အဖြစ် Katrina Kaif က ပါဝင်သရုပ်ဆောင်ထားတယ့် 
Dhoom 3 ဟာ အရင် Dhoom ဇာတ်ကားတွေထက် ရိုက်ချက်တွေ 
ပိုမိုအသားပေး ရိုက်ကူးထားပြီး အလှအပနဲ့ အကခန်းတွေ၊ အတိုက်အခိုက်
ခန်းတွေမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ 
Katrina Kaif ရဲ့ လှပတဲ့ ကကွက်တွေကို အတော်လေး အသေးစိတ် 
ရိုက်ကူးထားသလို ဆိုင်ကယ်စတန့်ပြကွက် မြောက်များစွာကို သေသေ
ချာချာ ရိုက်ကူးတင်ဆက်ထားတာ တွေ့ရပါတယ်။ မထင်မှတ်တဲ့ ဇာတ်အိမ်၊ 
အကောင်းဆုံးရိုက်ချက်၊ အလှပဆုံးပြကွက်တွေနဲ့ ဖန်တီးထားပေမယ့် အိန္ဒိယ
သားတွေကို အသားပေးပြီး ချီကာဂိုရဲတွေရဲ့ ကဏ္ဍကို လျှော့ချလိုက်တဲ့အခါမှာ 
အလွန်အကျွံ ဖြစ်သွားတာလေး နည်းနည်းတော့ ရှိပါတယ်။ အရင်ဇာတ်ကား
တွေထက် ဇာတ်လမ်းပိုင်း အားနည်းပြီး Sahir ရဲ့ ဇာတ်အိမ်က ပိုများ
နေတာကြောင့် Jai ရဲ့ စုံစမ်းထောက်လှမ်းမှုကို ချုံ့လိုက်ရသလိုဖြစ်ပြီး 
ဇာတ်အိမ်က လေးသွားပါတယ်။Jai Dixit အဖြစ် Abhishek Bachchan နဲ့ 
Ali အဖြစ် Uday Chopra တို့ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပြီး IMDB မှာ 
Rating 6.4 ရရှိထားပါတယ်။ Rotten Tomatoes မှာလည်း Tomatometer 86% 
ရရှိထားပြီး Dhoom ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အလှအပနဲ့ အကြမ်းပတမ်းကို 
အကောင်းမွန်ဆုံး ပေါင်းစပ်ထားတာကို တွေ့ရမှာပါ။ ဇာတ်လမ်းအဆုံးမှာ ပုံမှန်
ပါလေ့ရှိတဲ့ Dhoom သီချင်းကို Katrina Kaif ရဲ့ အကအလှနဲ့ တွဲဖက်ပြီး 
ခံစားကြည့်ရှုကြပါဦး။ 

credit:channelmyanmar



Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes