Furie mmsub

Furie mmsub


IMDb (7.5) / Rotten Tomatoes (91%)
Furie (ဗီယက်နမ်လို Hai Phuong) ဆိုတဲ့ ဗီယက်နမ်ဇာတ်ကားဟာ 
နိုင်ငံတကာ Rating သာမက စီးပွားရေးအရလဲ အောင်မြင်နေပါတယ်
အမေရိကန်လို နိုင်ငံမှာ ရုံတင်နေပြီး ဝင်ငွေကောင်းနေတဲ့အပြင် 
လူကြိုက်များနေကြောင်းလဲသိရပါတယ်။ဇာတ်လမ်းကတော့ ဟိုင်းဖောင် 
ဟာ အစွန်အဖျားနယ်မြို့လေးမှာ ဇာတ်မြုပ်နေထိုင်ရင်း သမီးလေးနဲ့အတူ
ဘဝကို ရုန်းကန်နေတဲ့မိခင်တစ်ဦးဖြစ်ပါတယ်။သူဟာ ဘယ်ဘဝက
လာခဲ့လဲ ဘယ်သူမှ မသိကြသလို ဘာကြောင့် ဒီနေရာကိုရောက်နေလဲ
 ဘာကြောင့်လူတွေနဲ့ခပ်ကင်းကင်းနေထိုင်လဲဆိုတာကိုလဲ 
ဘယ်သူမှ မသိကြပါဘူး။ဟိုင်းဖောင်အလုပ်က လယ်သမားတွေဆီက
ကြွေးလိုက်တောင်းပေးရတဲ့ အလုပ်ဖြစ်တာကြောင့် သူ့သမီးလေးဟာ 
ကျောင်းမှာ အမြဲတမ်းအနှိမ်ခံရသလို ဖခင်ခေါ်စရာမရှိတဲ့သူတစ်ယောက်
အဖြစ်လဲ လှောင်ပြောင်ခံရတယ်။ ဒါကြောင့် ကျောင်းကထွက်ပြီးတော့
အလုပ်လုပ်ရင်း သူ့အမေကို တစ်ဖက်တစ်လမ်းက အကူအညီပေး
ချင်သူပါ။သူတို့ သားအမိဆက်ဆံရေးဟာလဲ နွေးနွေးထွေးထွေး
မရှိလှပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ ဖေးမကြတယ်။
တစ်ခါတစ်လေ ဟိုင်းဖောင်ဟာ တစ်ယောက်တည်း စီးကရက်
တစ်လိပ်နဲ့ မှိုင်တွေ ငေးရီနေတတ်တယ်။တစ်နေ့တော့ သူ့သမီး
အိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ သူမြတ်မြတ်နိုးနိုး
သိမ်းထားတဲ့ နားစွဲလေးတစ်ရံကိုစျေးထဲသွားပေါင်ချိန်မှာ
သူ့သမီးကို သူခိုးအဖြစ် ဝိုင်းဝန်းစွပ်စွဲနေတာကို ဖြေရှင်းရင်း
 ရုန်းရင်းဆန်ခတ်အခြေအနေအပြီး သူက အပေါင်ဆိုင်ကိုပြန်
အသွားမှာ သူ့သမီးလေးကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား
ခံရပါတော့တယ်။အဲ့ဒီပြန်ပေးသမား တစ်စု မသိလိုက်တာကတော့ 
သူတို့တွေ ပြန်ပေးဆွဲဖို့ လူရွေးတာ အမှားကြီးမှားသွားပြီ ဆိုတာပါပဲ။
သူ့ဘဝ အသက်သွေးကြောဖြစ်တဲ့ သမီးလေးကို ပြန်ရဖို့ ဟိုင်းဖောင် 
ဟာ သူတတ်သမျှ ပညာပေါင်းစုံနဲ့ တစ်ဂိုဏ်းလုံးနဲ့ တစ်ယောက်
ရေစုံရေဖျား လိုက်တော့မှာပါ။Furie ဟာ Trailer စထွက်ကတည်းက 
စောင့်မျှော်ခဲ့ရတဲ့ကားဖြစ်သလို တကယ်တမ်းထွက်လာတော့လဲ 
မျှော်ရကျိုးနပ်လောက်အောင်ကိုစိတ်ကျေနပ်စရာကောင်းပါတယ်။ 
လှပသေသပ်လှတဲ့ ကိုယ်ခံပညာအခြေပြုအက်ရှင်ခန်းတွေ သွက်လက်ပြီး 
ပျင်းစရာမရှိတဲ့ဇာတ်ကြောင်းတို့ဟာ ဗီယက်နမ်ဟာလဲ ရုပ်ရှင်ပညာမှာ 
ဘောင်ဝင်တန်းဝင် အဆင့်တစ်ခုမှာ ရောက်ရှိနေပြီဆိုတာ
ပြလိုက်တဲ့သက်သေပါပဲ။

credit:channelmyanmar





Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes