Spider-Man (2002) mmsub

Spider-Man (2002) mmsub


ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ 
ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။
ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို 
စိတ်ကြေနပ်မှုပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ 
Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက 
သာမန်အထက်တန်းကျောင်းသား Peter Parker ဘဝကနေ 
ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို 
အဓိပ္ပာယ်ရှိရှိ အသုံး ချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက
 ရိုက်ကူးထားပါတယ်။Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသား
ဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံ
ရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ 
Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ 
Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee က
စတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သူ့ရဲ့ 
စိတ်ကူးကို ထုတ်ဝေသူကို ပြောပြချိန်မှာ ထုတ်ဝေသူက လက်မခံ 
ခဲ့ပါဘူး။ ဘာလို့လည်းတော့ ပင့်ကူ ဆိုတာ လူတိုင်း ကြောက်ကြတဲ့ 
သတ္တဝါဖြစ်သလို၊ ဆယ်ကျော်သက် စွမး်အားရှင်ဆိုတဲ့ အချက်ကို 
အဲ့ဒီအချိန်က လူတွေလက်ခံမှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ဒါပေမယ့် 
Stan Lee က အဲ့ဒီအမြင်ကိုလက်မခံပဲ Spider-Man က လူငယ် 
စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့ပြီး၊ တကယ်
စာအုပ်ထွက်လာတဲ့အခါမှာတော့ Spider-Man စာအုပ်က အကုန်
ရောင်းကုန်ခဲ့ပြီး၊ Marvel ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်
စာရင်းဝင်ခဲ့ရာက The Amazing Spider-Man စာအုပ် ထွက် 
လာခဲ့ပါတယ်။Peter Parker က ဆက်ကျော်သက် ဉာဏ်ကြီးရှင်
တစ်ယောက်ဖြစ်ပြီး၊ သိပ္ပံပညာထူးချွန်သူတစ်ဦးပါ။ သူ့အဖေနဲ့ အမေ 
က S.H.I.E.L.D အေးဂျင့်တွေဖြစ်ပြီး၊ နှစ်ယောက်လုံးက သိပ္ပံပညာရှင်တွေ
ဖြစ်ပါတယ်။ Peter Parker က Spider-Man ရဲ့ အဓိက လက်နှက်ဖြစ်တဲ့ 
Web-Shooter ကို သူကိုယ်တိုင် တီထွင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်ဒီကားမှာ ဒါရိုက်တာက အထက်တန်းကျောင်းသားက 
ဒီလောက်တော်မယ်ဆိုတာ လူတွေ လက်မခံ လောက်တာကြောင့် 
Web တွေကို ကိုယ်ထဲက ထုတ် ပေးတယ်ဆိုပြီး ဇာတ်လမ်းလုပ်ထား
ပါတယ်။ဒီကားထဲမှာ Spider-Man ရဲ့ ရန်သူတွေထဲက ကြောက်စရာ
အကောင်းဆုံး ရန်သူဖြစ်တဲ့ Green Goblin ကို မိတ်ဆက်ထားပြီ၊ 
ကျွန်တော့်အမြင်ပြောရရင် Green Goblin က ဒီကားမှာ ဒီထက်ပိုပြီး 
နေရာရသင့်ပါတယ်။ Green Goblin ဆိုတာ Spider-Man ရဲ့ အဓိက 
ရန်သူဖြစ်ပြီး၊ Batman ရဲ့ Joker လိုပဲ သူလည်း marvel universe မှာ 
အဆင့်အတန်းရှိတဲ့ Villain ဖြစ်ပါတယ်။ပထမဆုံး ကားဖြစ်လို့ 
သိပ်မထူးခြားပေးမယ့် ကျွန်တော်တို့ကို Spider-Man နဲ့ မိတ်ဆက်ပေးခဲ့တဲ့
ကားဖြစ်လို့ အခုချိန် အထိ ပြန်ကြည့်မိနေဆဲပါ။

credit





Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes