IMDb rating 6.4/10 ရရှိထားပြီး 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ္ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ဒါကို နယူး ဒေလီ မှာပြုလုပ်တဲ့ ကမ်ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့နှီးနှော ဖလွယ္ပြဲတစ္ခုမွာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမွ အလေးမထားခဲ့ကြပါဘူး။
နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီးဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစ္စတစ္စ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ မြောက်ကမ်ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိ ဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှာမကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ပြည်သူတွေအလူးအလဲ ခံစားခဲ့ပါတယ်။အခက်အခဲ အမျိုးမျိုးရှိနေတဲ့ကြားထဲမှ ဂျက်(ခ်) တစ်ယောက် နယူး ယောက်(ခ်) မြာ ရှိနေတဲ့ သူ့ရဲ့သားကို ကယ်တင်ဖို့ ကြိုးစားခဲ့ပုံသူတတ်စွမ်းသမျှ ပြည်သူတွေကို ကယ်တင်ပေးခဲ့ပုံတွေကိုရှုစားကြရမှာဖြစ်ပါတယ်။
Post a Comment