The Kid Who Would Be King mmsub

The Kid Who Would Be King mmsub

Merlin စီးရီးတွေကို ကြည့်ဖူးတဲ့လူတိုင်းဒီကားလေးကိုစိမ်းမယ်မထင်ပါဘူး…
ပုံပြင်တွေထဲက King Arthur နဲ့ ကျောက်တုံးထဲ စိုက်ဝင်နေတဲ့Excalibar ဓားကို 
လူတိုင်းကြားဖူးကြမှာ အသေအချာပါပဲ။
The kid who would be king (2019) က အဲဒီပုံပြင်ထဲကလိုExcalibar ဓားကို 
ဆွဲထုတ်နိုင်ခဲ့တဲ့ ကလေးရဲ့ စွန့်စားခန်းအကြောင်းရိုက်ကူးထားတဲ့Adventure , 
Action , Family ဇာတ်ကားလေးပါ။King Arthur က ကျောက်တုံးထဲက ဓားကို
ဆွဲထုတ်ပြီးတော့ဗြိတိန်ရဲ့ ဘုရင်ဖြစ်လာပြီး မွေးစားညီမဖြစ်သူ Morgana ရဲ့လက်က 
ကာကွယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ Morgana က နယ်မြေတွေအစိတ်စိတ်ကွဲလူတွေ 
မျှော်လင့်ချက်မဲ့ပြီး ခေါင်းဆောင်မဲ့နေတဲ့အချိန်ပြန်လာမယ်လို့ ကျိန်စာဆိုခဲ့ပါတယ်။
Arthur ကလည်း အဲဒီအချိန်မှာ Excalibar ပြန်ပေါ်လာပါစေလို့ သစ္စာပြုခဲ့တယ်။
၁၂ နှစ်အရွယ် မူလတန်းကျောင်းသားလေး Alex ရဲ့ ခေတ်မှာExcalibar က
 ပြန်ပေါ်လာပြီးတော့ Morgana ကလည်းပြန်အင်အားကောင်းလာပါတယ်။ 
ဓားကိုဆွဲထုတ်နိုင်ခဲ့တဲ့ ဘုရင်လေး Alex ကMorgana လို အစွမ်းထက်တဲ့ 
စုန်းမကိုဘယ်လို ပြန်ပြီးတိုက်ခိုက်တယ်ဆိုတာ ကြည့်ရမှာပါ။King Arthur 
ပုံပြင်တွေမှာ မပါမဖြစ်တဲ့ Merlin ကလည်းဘယ်လို မှော်ပညာတွေနဲ့
 အထောက်အပံ့ပေးသွားမယ်ဆိုတာကို ကြည့်ရမှာပါ။

credit:channelmyanmar



2 comments :

Copyright © 2025 MK Movie Planet | Distributed by Blogger Templates | Designed by OddThemes