Titanic mmsub

Titanic mmsub


ရူ:သွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား…ရင်နင့်ဖွယ်.
.အံ့အားသင့်ဖွယ်ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 
ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့
အချိန်တန်ပါပြီဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကို
မရေးတော့ဘဲထူးခြားချက်လေးတွေကိုသာဗဟုသုတအလို့ငှာ 
တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ-
ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့က
မင်းသားနေရာမှာMatthew McConaughey ကို သရုပ်ဆောင်
စေချင်ပေမယ့်ဒါရိုက်တာ James Cameron ကLeonardo DiCaprio ကိုပဲ
ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက်အစအဆုံးကို 
ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ
သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်
ခဲ့စဉ်က$7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ငွေကြေးနဲ့တွက်ရင် 
$150 million လောက်ကုန်ခဲ့တာပါ။ဇာတ်ကားရိုက်ဖို့အတွက် ပြန်ဆောက်တဲ့
သင်္ဘောဟာ $200 million ကုန်ပါတယ်။-သင်္ဘောမြုပ်တဲ့အခန်းမှာ Kate 
Winslet ဝတ်ခဲ့တဲ့ကုတ်ဟာ ဆိုဒ်နံပါတ် ၈ ပါ။ကျန်တဲ့အခန်းတွေမှာ သူဟာ 
ဆိုဒ်နံပါတ် ၄ ကိုပဲဝတ်ခဲ့တာပါ။ဒီလိုလုပ်တာဟာ သင်္ဘောမြုပ်ချိန်မှာ သူ့ကို 
ပိုမြင့်မြတ်တဲ့သူတစ်ယောက်အဖြစ်မြင်စေချင်လို့ပါ။(ကျွန်တော်ထင်ပါတယ်။ 
ဒါလည်း James Cameron ရဲ့ idea ပဲနေမှာပါ)-Leonardo ရဲ့ရှေ့မှာ 
ကိုယ်တီးလုံးနဲ့နေပြရမယ့် အခန်းပါတယ်ဆိုတော့မင်းသမီး Kate Winslet 
ဟာသူတို့နှစ်ယောက်စစတွေ့ချင်းမှာပဲ ရင်းနှီးနေအောင်လုပ်ထားလိုက်ပါတယ်။
ပန်းချီဆွဲတဲ့အခန်းမှာ Leonardo ပြောရမယ့် Dialogue ဟာ “Lie on that 
couch” ဖြစ်ပါတယ်။ဒါပေမယ့် ယောင်ယောင်ယမ်းယမ်းနဲ့ ပြောထွက်
သွားတာက “Lie on that bed, uh…I mean couch”လို့ဖြစ်ပါတယ်။
James Cameron က သဘောကျသွားတဲ့အတွက် အဲဒီအမှားအတိုင်းပဲ
ထားလိုက်ပါတယ် ပြန်မရိုက်တော့ပါဘူး။-အင်ဂျင်ခန်းထဲမှာ သရုပ်ဆောင်တဲ့ 
စတန့်မင်းသားဟာ အရပ် ၅ပေ ပဲရှိပါတယ်။အင်ဂျင်ကိုပိုကြီးသယောင်
မြင်စေချင်လို့ သူ့ကိုရွေးထားတာပါ။-သင်္ဘောထဲကို ရေထဲဒလဟော ဝင်လာပြီး 
ပရိဘောဂတွေ ပျက်စီးကုန်တဲ့အခန်းကိုတစ်ကြိမ်ပဲရိုက်ကူးခွင့် ရှိခဲ့တာပါ။ 
ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားပိုပြီးအသက်ဝင်အောင်ပရိဘောဂတွေကို
တကယ်ဖျက်ဆီးပစ်မှာမို့ပါ။-ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းဟာ ဇာတ်ကား
ရိုက်ကူးရာမှာအင်မတန်ကြိုးစားခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။သင်္ဘော
မြုပ်တဲ့အခန်းတစ်ခန်းတည်းကို ရိုက်ဖို့အတွက်သူအားထုတ်ခဲ့တဲ့
အချိန်စုစုပေါင်းဟာဇာတ်ကားထဲမှာ ခရီးသည်နေရာကနေပါဝင်
သရုပ်ဆောင်တဲ့သူအားလုံးရဲ့ဇာတ်ကားအတွက်အားထုတ်ချိန်
စုစုပေါင်းထက် သာနေပါတယ်။ဒါတွေကိုဖတ်ပြီးသွားရင် ဒီရုပ်ရှင်
 အောင်မြင်ရတဲ့အကြောင်းရင်းကိုအနည်းငယ်လောက်တော့ 
နားလည်သွားကြမှာပါ။

credit:channelmyanmar





Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes