Alita Battle Angel mmsub

Alita Battle Angel mmsub


နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်
ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။Manga/anime 
adaptation တွေထဲမှာ ရှားရှားပါးပါး source material 
အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်
လို့fan တွေကပြောပါတယ်။Creator ကြီး Yukito Kishiro 
ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီး
သူ့အတွက်တော့ “Greatest movie in the world” ပါပဲ
လို့ပြောပါတယ်။ကျွန်တော် anime/manga တစ်ခုမှမသိ
ပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် 
ပြောကြည့်ပါမယ်။Avatar ဖန်တီးရှင်ကြီး James Cameron 
ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez 
ရိုက်ကူးထားတဲ့Alita: Battle Angel ရုပ်ရှင်ဟာ တကယ့် 
visual spectacle ကြီးတစ်ခုပါပဲ။အရာအားလုံးက ရှင်းလင်း 
မြင်သာတယ်။Ready Player One တုန်းကတောင် နည်းနည်း
ခပ်မှောင်မှောင် ဖြစ်သေးတယ်။Mo-cap လက်ရာကတော့ 
အစစ်နဲ့ အတု ခွဲလို့မရလောက်အောင်ကိုလက်ရာမြောက်လွန်းတယ်။
ချကြဗြင်းကြတဲ့အခန်းတွေမှာဆိုလည်း မည်ကဲ့သို့လုပ်လိုက်သည်
မသိ ဆိုပြီးဝုန်းဒိုင်းနဲ့ ပြီးမသွားဘူး။ရှင်းရှင်းလင်းလင်း လှလှပပ 
အားရပါးရကိုမြင်ရတယ်။Motorball game အခန်းတွေဆို 
လုံးဝလန်ထွက်။ သတ်တာဖြတ်တာဆိုလည်းတကယ့် brutal ပဲ။
ထင်မထားတာတွေ အကြမ်းကြီးတွေ လုပ်ပြတယ်။Character 
design တွေလည်း လန်ထွက်။မြင်ကွင်းပိုင်းမှာ အရောင်အသွေး
အကုန် ပြီးပြည့်စုံလှပါတယ်ဆိုပေမဲ့Alita ဟာ ဇာတ်ညွှန်းပိုင်းမှာ 
နည်းနည်းလေး ပေါ့နေပါတယ်။ဇာတ်လမ်းက ဒီထက်အများကြီး
ချောမွေ့လို့ရပါတယ်။အခုက တချို့နေရာတွေ scene တစ်ခုနဲ့
တစ်ခုကူးတာမှာ ထောက်နေတာတွေရှိတယ်။ဇာတ်လမ်းစ
ကတည်းက ဖြစ်ပျက်နေတာတွေ များလွန်းနေသလိုဖြစ်နေတယ်။
ဒီလိုဖြစ်ပျက်နေတာတွေ များလွန်းလို့ ကြားထဲမှာပျောက်နေခဲ့တာတွေ
အများကြီးပဲလို့ မြင်မိတယ်။မိုက်လှပါတယ်ဆိုတဲ့ ဇာတ်ကောင်တွေကို
ဒီထက် character ပိုပြနိုင်ရင်လည်းပိုကောင်းပါမယ်။အခုက 
character arc လည်းသိပ်မပါခဲ့သလိုတချို့ဇာတ်ကောင်တွေဆို 
သေသွားလည်းရင်ထဲဘာမှမဖြစ်သလို ပေါ့ပေါ့ပဲ။ဟိုမိန်းမကြီး
ကလည်း ဘယ်ကနေ ပေါ်ပေါ်လာမှန်းမသိ။ဇာတ်လမ်းပိုင်း 
နည်းနည်းလေး လိုနေတာကလွဲရင် Battle Angel ဟာလုံးဝ 
ကြည့်ရတန်တဲ့ ကားတစ်ကားပါပဲ။သေလောက်အောင် လှပ ပြင်းထန်
လှတဲ့ မြင်ကွင်းတွေကတစ်ကားလုံး မပျင်းရအောင် 
လုံးဝဆွဲဆောင်သွားပါလိမ့်မယ်။

credit:channelmyanmar


Mediafire

Mega

Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes