Battleship mmsub

Battleship mmsub



ဇာတ်ကားဟောင်းလေး တစ်ကား ကို ပြန်တင်ဆက်ပေးလိုက်ရပါတယ်။
သိပ်ညွန်းဆိုစရာ မလိုအောင်ကို် ကောင်းပြီးသား ဇာတ်ကားလေးတစ်ကားပဲ
ဖြစ်ပါတယ်။နာမည်ကျော် အဆိုတော် Rihanna ပါဝင်ထားပြီး 
John Carter ကားနဲ့ မြန်မာ ပရိတ်သတ်တွေ အသိများ ခဲ့တဲ့ မင်းသား 
Taylor Kitsch က ဗိုလ်လေး အဲလက်စ် ဟော်ပါ အဖြစ်
ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဟော်ပါ ကတော့ တကယ်တော့ 
ပေါက်ကရ နေထိုင်တက်တဲ့ သူတစ်ယောက်ပါ တစ်နေ့တော့ သူလည်း 
ရေတပ်ဗိုလ် ရဲ့ သမီးကိုကြိုက် မိရာကနေ သူ့အစ်ကို ဖြစ်သူရဲ့ စွဲဆောင် 
မှု့ကြောင့် ရေတပ်ထဲ ဝင်ခဲ့ပြီးဗိုလ်လေး ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ သူလည်း 
နှစ်စဉ် ကျင်းပနေကျ နိုင်ငံ ပေါင်းစုံရေတပ် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ရပါတယ်။ 
လေ့ကျင့်နေရင်းကနေ မမျှော်လင့်တဲ့ယာဉ်ပျံကြီးတွေရောက်လာ ခဲ့ပါတယ်။
အဲ့ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို 
သူတို့ထင်နေသလို မြောက်ကိုးရီးယားဘက်က မဟုတ်ပါဘူး
ထူးဆန်းတာက သူတို့ ယာဉ်တွေ နားမှာ ရေဒါတွေ အလုပ် မလုပ်ပါဘူး 
အဲ့ယာဉ်တွေကြောင့်ပဲအစ်ကို ဖြစ်သူကိုလည်း ဆုံးရှုံးခဲ့ရ ကပ္ပတိန်ကိုလည်း 
ဆုံးရှုံးခဲ့ရတဲ့ ဟော်ပါတစ်ယောက် သင်္ဘောတစ်စီး လုံးကို အုပ်ချုပ်ပြီး 
ဘယ်ကမှန်း မသိတဲ့ ယာဉ်တွေကို ဘယ်လို အနိုင်ယူမလဲ ….?
အဲ့ယာဉ်တွေကကော ဘယ်သူ့လက်ချက်လဲ ဘယ်ကလဲ ဘယ်လိုကြောင့် 
ရောက်လာတာလဲအစရှိ်တာတွေအတွက်တော့ ဇာတ်ကားကို သာ 
ရှု့စားနိုင်ပါကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။ပေးချင်တဲ့ မက်ဆေ့ချ်တွေ 
များနေတာကလွဲလို့ တော်တော်ကိုကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။

credit:channelmyanmar


Mediafire

Mega




Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes