Mortal engines ဗြိတိသျှစာရေးဆရာ ဖီးလစ်ရိဖ့်ရဲ့“Mortal engines”
ကမ္ဘာသစ်ကနေ ကြိုဆိုပါတယ်“Mortal engines”ဆိုတဲ့ စာအုပ်ဟာ
၂၀၀၁ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး အောင်မြင်ခဲ့တဲ့အတွက် ၄အုပ်တိတိ
ထွက်ရှိခဲ့ပါတယ်ပထမဆုံးအနေနဲ့ ၂၀၁၈ခုနှစ်မှာ စာအုပ်ကို အခြေခံပြိီး
ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တာပါဒီဇာတ်လမ်းကို ဆန်းသစ်တဲ့
အတွေးအခေါ် အိုင်ဒီယာတွေနဲ့ဇာတ်အိမ်ဖွဲ့စည်းတည်ဆောက်ထားပြီး
ကမ္ဘာပျက်သွားပြီးတဲ့နောက်လူတွေရဲ့ နေထိုင်ရှင်သန်မှုတွေကို အတွေး
စိတ်ကူးကောင်းကောင်းနဲ့ပရိသတ်ကို တင်ပြထားပါတယ်၂၁ရာစုကို
သိပ္ပံပညာရပ်အထွန်းကားဆုံး ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးအချိန်ကာလ
အဖြစ် ညွှန်းဆိုထားခဲ့ပြီး အဆုံးစွန်ထိစွမ်းအားကြီးတဲ့အဖျက်
လက်နက်များကို တီထွင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့မိနစ်၆၀ အတွင်းမှာတင်
ကမ္ဘာကြီးဟာ အစိတ်အမွှာမွှာဖြစ်သွားခဲ့ရပါတယ် ဇာတ်ကားထဲက
အချိန်ကာလမှာတော့ ၂၁ရာစုကလူတွေကိုရှေးဟောင်းလူသားတွေလို့
ပြောဆိုသုံးနှုန်းကြပြီးပေါင်မုန့်မီးကင်စက်လေးတစ်လုံးဟာ
ပြတိုက်ထဲမှာ အမြတ်တနိုး ထားရမယ့်ရှေးဟောင်းပစ္စည်းတစ်ခု
ဖြစ်လို့နေပါတယ် မိနစ် ၆ဝစစ်ပွဲကြောင့်သာ ကမ္ဘာကြီးဒီလိုဖြစ်ပျက်
နေတယ်လို့ နားလည်ကြပြီး၂၁ရာစု(ရှေးခေတ်)နည်းပညာတွေကို
အာသာငမ်းငမ်းပြန်လည်လိုချင်နေကြတဲ့လူသားတွေအဖြစ်
သရုပ်ဖော်ထားပါတယ် ပရိသတ်အခိုင်အမာရရှိထားတဲ့ ရုံတင်
ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ဒီကားကို အထူးညွှန်းဆိုစရာ
မလိုအပ်ဘူးလို့ ထင်ပါတယ်…
credit:channelmyanmar
Post a Comment