Once Upon A Time mmsub

Once Upon A Time mmsub


ဇာတ်လမ်းတွဲကြည့်ပြီးတဲ့နောက်မှာ Ywe Hwa ကို အရူးအမူးဖြစ်သွားသော 
Eternal Love ဖန်တစ်ယောက်ဖြစ်သွားမိလို့ ဒီဇာတ်လမ်းတွဲကို 
ရုပ်ရှင်ပြန်ရိုက်မယ် (အထူးသဖြင့် မင်းသားက Yang Yang) ဆိုတာကို 
သိလိုက်ရတဲ့နောက်မှာတော့ ထွက်မယ့်အချိန်ကို တော်တော် အောင့်အီး
သည်းခံပြီး လက်ချိုးရေစောင့်ခဲ့ရပါတယ်စိုးရိမ်မိတာက ဇာတ်လမ်းတွဲမှာ 
ဇာတ်အချိုးအကွေ့ကောင်းကောင်း၊ ဇာတ်ကောင်များများဝန်းရံပြထားတော့ 
ဇာတ်ကားမှာပေါ့သွားမှာစိုးရိမ်မိတယ်။ထွေလာကို ရှာကြည့်တော့ 
(နဂိုက ကိုယ့်မလည်း ဇာတ်လမ်းတွဲကြောင့် ဝမ်းနည်းခံလေးရှိနေတော့ 
စာတန်းစထိုး အသံလေးကြားတာနဲ့ မျက်ရည်စို့ရင်ခုန်မိတယ်) စစချင်း
ကတည်းက visual effect တွေမြင်ပြီး ချက်ချင်းကို အထင်ကြီးမိ 
တစ်ဆက်တည်း မင်းသားနဲ့မင်းသမီး ဆံပင်ပြင်ဆင်မှုကို ကြည့်ပြီး 
စိတ်တော့နည်းနည်းပျက်သွားမိတယ်။ဇာတ်လမ်းတွဲမှာက ရဲ့ဟွာရဲ့ 
ဖြောင့်စင်းနေတဲ့ ဆံပင်ရှည်ကြီးက ကိုယ့်ကိုစိုးမိုးထားနှင့်နေပြီလေ။ 
ဒါပေမယ့် စာအုပ်တစ်အုပ်တည်းကို ပြန်ရိုက်တာဆိုတော့ တင်ပြပုံချင်
းကတော့ ကွာမယ်ဆိုတာကု ိလက်ခံထားပါတယ်။သူ့ဖန်တီးမှုနဲ့
သူပဲမလား။ဒါ့အပြင် ထွေလာမှာ ပိုကောင်းတဲ့ effect တွေ (အထူးသဖြင့် 
စုစုခုန်ချသွားတဲ့ တွင်းနေရာ ဖန်တီးမှုတွေက အရမ်းမိုက်လွန်းတယ်၊ 
နောက်ရေအောက်နန်းတော်။ထွေလာကိုကြည့်တာနဲ့တင် တော်တော်
ကြက်သီးထမိတယ်)။ အဲ့ဒါနဲ့ ထွက်ထွက်ချင်း ပိတ်ရက်မှာသွားကြည့်
ဖြစ်တယ်ဆိုပါတော့။ဇာတ်လမ်းကတော့ သိပြီးသားဆိုတော့ သူတို့
ဘယ်လိုပြောင်းပြီးတင်ဆက်လဲဆိုတာကိုပဲ စိတ်နှစ်ပြီးကြည့်ဖြစ်တယ်။
ရေအောက်နန်းတော်မှာ သူတို့နှစ်ယောက် ပြန်တွေ့တဲ့အခန်းကစတယ် 
(ကိုယ်ရှေ့ပိုင်း ပီဇာဝင်ဝယ်နေတာနဲ့ လွတ်သွားတယ်)။Yang Yang 
ကိုမြင်တာနဲ့တင် အသက်ရှုတွေရပ်တန့်သွားသလိုပဲ။ဂူဂူးဖန်တွေလည်း 
နှာခေါင်းသွေးယိုမတတ်လှနေတဲ့ ဂူဂူးကို မြင်ရမှာဖြစ်ပါတယ်။နောက်တော့ 
ဇာတ်လမ်းတွဲကအတိုင်းကို ကြားထဲမှာ အတိတ်အကြောင်းပြန်ပြောတာ 
အနည်းငယ်ပေါင်းထည့်ပြီး ဇာတ်ကို ချုံ့ထားပါတယ်။ကိုယ်တွေက 
ဇာတ်လမ်းတွဲကြည့်ထားတော့ ရဲ့ဟွာလေးဘယ်လောက် အနစ်နာခံ
ချစ်ခဲ့တာ။ဘယ်လိုသနားဖို့ကောင်းတာတွေကို လိုက်ခံစားရပေမယ့် 
ရုပ်ရှင်ကိုပဲ စကြည့်မယ့်သူအတွက်က ရဲ့ဟွာရဲ့အချစ်ကို ပေါ့သွား
စေတယ်လို့ ခံစားရတယ်။ထင်သလောက် ချစ်မပြရဘူးပေါ့နော်။
သို့သော် …… Yang Yang လေးရဲ့သွား ၃၂ ချောင်းလုံးပေါ်အောင် 
ပြုံးပြထားပုံတွေ၊ ဂူဂူးရဲ့မထိတထိစကားပြောပုံတွေကြောင့် တော်တော်
လေးဆွဲဆောင်မှုရှိခဲ့ပါတယ်။နောက်ဆုံးပိုင်းမှာ ရဲ့ဟွာရဲ့အနစ်နာခံမှု
တွေကို သူ့အစေခံမလေးဆီကပြန်ကြားပြီး ကြေကွဲတဲ့အခန်းကို သုံးမိ
နောက်လောက်သာပြထားတာ နှမျောသလိုခံစားရတယ်။ဒါရုပ်ရှင်ပဲဆိုပြီး 
ပြန်ဖြေသိမ့်ရတာပေါ့ (ကိုယ်ကြည့်လာတာက ဇာတ်လမ်းတွဲလေ)။ အားလုံး
စိတ်အထိခိုက်ရဆုံးဖြစ်မယ့်အခန်းက ရဲ့ဟွာတိုက်ပွဲကျတဲ့အခန်း 
(ဇာတ်လမ်းတွဲရော၊ ရုပ်ရှင်ရော ဒီအခန်းလာမယ်ဆိုတာ ကြိုသိလည်း 
ဘယ်နှခါကြည့်ကြည့် ငိုမိတယ်)။ကိုယ်ကတော့ ဇာတ်လမ်းတွဲထက်ပို
သဘောကျမိတယ်။ရဲ့ဟွာရေခဲပြင်အောက်ထဲ တစ်ဖြေးဖြေးမြုပ်သွားတဲ့
အပိုင်းက စွန်းဖီးလ်လို့ကောင်းတယ်။တင်ဆက်ပုံ ပိုကောင်းတယ်လို့
 ခံစားမိတယ်ပေါ့နော်။ဇာတ်လမ်းတွဲကိုမဟားတရားကြိုက်တဲ့ဖန်တွေ
အတွက်ကတော့ ဒီရုပ်ရှင်က အကျဉ်းချုပ်ပြထားသလို ခံစားရကောင်
းရနိုင်ပါလိ်မ့်မယ်။ဖြည့်တွေးပြီးကြည့်ကြပေါ့နော်။ဆိုတော့ကာ ရုပ်ရှင်မှ
ာအားရဖွယ်မြင်ရတာတွေကတော့ visual effect တွေဖြစ်ပါတယ်။
ဇာတ်လမ်းတွဲထက်ပိုမိုကောင်းမွန်နေပြီး ကြည့်ရတာ အရမ်းမျက်စိပဒေသ
ဖြစ်တယ်။နောက်တစ်ခုက costume။ craftsmanship လက်ရာ
မြောက်လွန်းပြီး Yang Yang ရဲ့ပုံစံက တရုတ်ဂိမ်းတွေထဲက၊ ကာတွန်
းတွေထဲကအတိုင်းပဲ။ မိုက်တယ်။ (ဇာတ်လမ်းတွဲရဲ့ ဝတ်စုံတွေကိုလည်
းကြိုက်တယ် .. ဝေခွဲမရဘူး ဟိ)။စုလင်းရဲ့ costume ကြီးကတော့
ရှယ်မိုက်တာ။ဇာတ်လမ်းတွဲမှာ သူ့ခမျာမတောက်ပရရှာဘူး။ရုပ်ရှင်မှာ 
တော်တော်လှတာ။ရုပ်ရှင်မှာကြည့်ရတာ စီရင်က ပိုင်ချန်ကို ကြိုက်နေ
သလိုမျိုးပြထားတယ်။တိုက်ခိုက်တဲ့အပိုင်းတွေက နှစ်ထောင်းအားရဖွယ်
ရှိတယ်။မက်မွန်ဆယ်မိုင်လည်းတော်တော်လေးလှတယ်။ရုပ်ရှင်ထဲက 
ပိုင်ချန်ရဲ့တဲအိမ်ကပိုလှသယောင်ရှိတယ်။ ကောင်းကင်ဘုံရိုက်ချက်တွေ
မှာကျတော့ ဇာတ်လမ်းတွဲရဲ့တင်ဆက်ပုံက ပိုခမ်းနားတယ်။ရုပ်ရှင်မှာကျ 
အကျဉ်းချုံးပဲပြထားတော့ သိပ်အထင်မကြီးချင်ဘူး။ (ရုပ်ရှင်မှာက 
ဆယ်မိုင်မက်မွန်မြေနဲ့ မြေခွေးဂူကိုပဲအထူးပြထားတာ)။သရုပ်ဆောင်
ပိုင်းမှာကျ ဂူဂူးက Yang Mi လောက်မချေဘူးဖြစ်နေတယ်။အဆင့်မြင့် 
နတ်ဘုရားမတစ်ယောက်အနေနဲ့ နဲနဲလေး innocence ဖြစ်သလို
ဖြစ်နေတယ်။မျက်လုံးပြန်ယူတဲ့အပိုင်းတွေမှာဆို ကိုယ်သိပ်အားမရဘူး။
ချခန်း၊ သတ်ခန်းတွေမှာတော့ ဂူဂူးကပိုကောင်းတယ် (ဒါကိုပဲ ရုပ်ရှင်မှာ 
အဓိကပြတာကိုး)။မင်းသားနှစ်ယောက်စလုံးကတော့ ကိုယ့်အသည်း
တွေပါပဲ။Mark Chao လေးလည်း သူ့ရဲ့အဆွေးခန်းနဲ့သူ၊ Yang Yang 
လေးကလည်း သူ့အပြုံးလေးနဲ့သူ မိန်းကလေးဖန်များကို အသီးသီးသိမ်
းပိုက်နိုင်သူတွေပါ။ <3 ဆိုတော့ ပြောစရာလုံးဝမရှိပါ ဟီး။နိဂုံးချုပ်
ရမယ်ဆိုရင်ဖြင့် နှစ်ခုစလုံးကတော့ သူ့ကောင်းကွက်နဲ့သူ၊ မင်းသားကိုယ်စီ၊ 
မင်းသမီးကိုယ်စီဆိုတော့ ဆွဲဆောင်မှုကိုယ်စီရှိပါတယ်။ ကိုယ်ကတော့နှစ်ခု
စလုံးကြိုက်တယ်။ထုံးစံအတိုင်း ဇာတ်လမ်းက မတရားကောင်းလွန်းတော့
မပြီးစေချင်ဘူး။ (ဇာတ်လမ်းတွဲတုန်းကလည်း အဲ့လိုပဲ)။ရုပ်ရှင်ဆိုတော့
ပိုဆိုးတယ်။နှစ်နာရီလောက်နဲ့ ကြည့်ပြီး ဟာတာတာကြီး။၄၆ ပိုင်းလောက်
ကြည့်ခဲ့တဲ့ဇာတ်လမ်းကို ချုံ့ကြည့်လိုက်ရလိုဖြစ်တော့ ဖီးလ်တော့ငုတ်မိတယ်။
ဘယ်လိုပြောပြော စစ်နတ်ဖန်တွေတော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးပါဗျ။

credit:channelmyanmar 



Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes