Brotherhood of Blades 2 mmsub

Brotherhood of Blades 2 mmsub


2014 မှာ ထွက်ရှိခဲ့တဲ့ ‘Brotherhood of Blades’ ရုပ်ရှင် နောက်ဆက်တွဲ
ရုပ်ရှင်ဖြစ်ပြီး ပထမကားမှာ ပါဝင်ခဲ့တဲ့ မင်းသား Chang Chen အပြင် 
နာမည်ကျော်မင်းသမီး Yang Mi တို့ ပါဝင်လာပါတယ်။ပထမကားလိုပဲ 
မင်အင်ပါယာကို အခြေခံတဲ့ ရုပ်ရှင်ဖြစ်ပြီး အင်ပါယာရဲ့ ကိုယ်ရံတော်
အဖွဲ့သား တဦးဖြစ်တဲ့ Shen Lian က သူ့အပေါ် ပူးပေါင်းကြံစည်ထားတဲ့ 
မတရားမှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်မှာဖြစ်ပြီး 
martial arts အသားပေးသွားမှာပါ။ တွဲဖက် ကိုယ်ရံတော်နဲ့ ဓါးသမား
အသစ်တွေလည်း ပါဝင်အုံးမှာပါ။2014 မှာ ထွက်ရှိလာတဲ့ Brotherhood 
of Blades ဟာ ရုပ်ရှင်ကားကောင်းအဖြစ် မှတ်ချက်ကောင်းတွေ 
အညွှန်းကောင်းတွေ ရခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆက်တွဲ 
ထပ်မံရိုက်ကူးလာခဲ့တာပါ။ ဒီတကြိမ်မှာတော့ Yang Mi, Zhang 
Yi, Xin Zhi Lei တို့ကို အားဖြည့်လာခဲ့ပါတယ်။ ဒီ sequel ရုပ်ရှင်
မှာတော့ ပထမကားမှာ ပါဝင်ခဲ့တဲ့ အခြားကာရိုက်တာတွေ မပါ
လာတော့ပဲ အဓိကမင်းသားဖြစ်တဲ့ ထိုင်ဝမ်သရုပ်ဆောင် Chang 
Chen ပဲ ပြန်ပါလာပါတယ်။ တွဲဖက်အဖြစ်တော့ နာမည်ကျော်
မင်းသမီးချော Yang Mi (Eternal Love, L.O.R.D: Legend 
of Ravaging Dynasties) ပါဝင်လာပါတယ်။ ဒါရိုက်တာ Lu Yang 
ကပဲ ပြန်လည်တာဝန်ယူရိုက်တာဖြစ်ပါတယ်။ဒါရိုက်တာ Lu Yang ဟာ 
ဘေဂျင်ရုပ်ရှင်အကယ်ဒမီမှာ ဒါရိုက်တာပိုင်း အဓိကနဲ့ မာစတာဒီဂရီ 
ရခဲ့သူပါ။ သူပထမဆုံး ရိုက်ကူးတဲ့ My Spectacular Theatre 
(2010) ဟာ Busan နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Audience 
Award ဆုရခဲ့ပါတယ်။ Brotherhood of Blades (2014) ဟာ 
ဒုတိယမြောက် ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ကားဖြစ်ပြီး အောင်မြင်
မှုရခဲ့သလို တရုတ်ပြည်ရဲ့ အလားအလာရှိတဲ့ လူငယ်ဒါရိုက်တာ
အဖြစ်လည်း မှတ်ချက်ကောင်း ရသွားခဲ့ပါတယ်။ဒီတကြိမ် ရုပ်ရှင်
ကိုတော့ တရုတ်ပြည် အဓိကမြို့ကြီး အတော်များများမှာ သွားရောက်
ရိုက်ကူးထားခဲ့ကာ ဇွန်လမှာတုန်းက ရှန်ဟိုင်းရုပ်ရှင်ပွဲတော်မှာ 
ပြသထားခဲ့တယ်။ တရုတ် နာမည်ကျော် Weibo.com မှာ ရုပ်ရှင်ကား
ကောင်းအဖြစ် အညွှန်းကောင်းတွေကို ရရှိထားပြီး မင်းသား
Chang Chen ကို ချီးကျူးထားကြပါတယ်။

credit:channelmyanmar



Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes