Mowgli: Legend of the Jungle mmsub

Mowgli: Legend of the Jungle mmsub


1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ 
ပြောလို့ရတယ်ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ 
The Jungle Book ထက်Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး
 သဘောကျမိတယ်Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ်
ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့
နည်းနည်းပြောင်းလဲသွားတာရှိတယ်အရင်ကလို ကလေးကြည့်တဲ့
ရုပ်ရှင်သက်သက် မဟုတ်တော့ပဲသွေးထွက်သံယို အခန်းလေးတွေ 
အနည်းငယ်ပါတယ်ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာ
ခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်း
ကိုခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွား
ခဲ့တယ်ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကိုကယ်ဆယ်ပြီး 
ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်….ဝံပုလွေတွေဟာလဲ Mowgli 
လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီးသူတို့ အသက်ရှိနေသ၍ 
ကျားဆိုးကြီး ရှီရာခန်း ဆီကနေMowgli ကို ကာကွယ်ပေးမယ်လို့ 
သစ္စာဆိုခဲ့ကြတယ်…ဒီလိုနဲ့ Mowgli  အရွယ်ရောက်လာတဲ့အခါ
သူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီးမေးခွန်းပေါင်း
များစွာ ရှိလာခဲ့တယ်…သူ့မေးခွန်းတွေကို ဒိုင်ခံဖြေရတဲ့သူတွေ
ကတော့ကျားသစ်နက်ကြီး ဘာဂီရာ နဲ့ ဝက်ဝံကြီး ဘာလူး တို့ပဲ
ဖြစ်ပါတယ်…..ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ Mowgli လေးကို 
စားသောက်ချင်နေတဲ့ရှီရာခန်းကြီး ဟာလဲ တစ်ဖြေးဖြေး နဲ့ 
Mowgli အနားသို့ ရောက်လာခဲ့သော်အခါ…ဒီ ရုပ်ရှင်ဟာ 
IMDb မှာ Rating 8 လောက်ထိ ရထားပါတယ်အရမ်းလဲ 
လူကြိုက်များ အောင်မြင်ပါတယ်…ဘာလို့အောင်မြင်လဲ ဆိုတာလဲ 
မမေးနဲ့အသံသရုပ်ဆောင်ကိုပဲ အရင်ပြောပြပါမယ်…ကျားသစ်
နက်ကြီး ဘာဂီရာ အဖြစ်ဘတ်မန်းမင်းသားကြီး Christian Bale 
အသံသရုပ်ဆောင်ပါတယ် ပြီးတော့ ခင်ဗျားတို့ ကျားဆိုးကြီး 
ရှီရာခန်းကို မုန်းလို့ရမှာ မဟုတ်ဘူးဘာလို့လဲ ဆိုတော့ နောက်ခံ 
အသံသရုပ်ဆောင်ကဒေါက်တာထူးဆန်း ကိုကို Benedict 
Cumberbatch ပါပဲ <3Tom Hollander တို့ ဘာတို့ အပြင် 
အခြား နာမည်ကျော်မင်းသားကြီး မင်းသမီးကြီးတွေက နောက်ခံ 
အသံ သရုပ်ဆောင်ပေးထားပါတယ်ကဲ ဒါဆိုရင် ဒီရုပ်ရှင်က 
သင်ကြည့်ကိုကြည့်သင့်တဲ့တောတွင်းသားလေး ဇတ်လမ်း ပါပဲ။

credit:channelmyanmar



Post a Comment

Copyright © MK Movie Planet | Distributed by Blogger Templates | Designed by OddThemes